
ဘာစီလိုနာဂိုးသမား ကလောဒီယို ဘရာဗိုဟာ မန်စီးတီး အသင်းကို ပြောင်းရွှေ့ဖို့ ဆေးစစ် မှုတွေ ခံယူ ခဲ့ပါတယ်။
အသက် ၃၃ နှစ် အရွယ် ချီလီ လက်ရွေးစင် ဂိုးသမားဟာ မန်စီးတီးမှာ သြဂုတ် ၂၃ ရက်က ဆေးစစ်မှု ခံယူခဲ့ ပါတယ်။
ဂိုးသမား ဘရာဗို ရောက်လာတဲ့ အတွက် လက်ရှိ ဂိုးသမား ဂျိုးဟတ် အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ များနေပြီလို့ ခန့်မှန်း ထားပါတယ်။
လောလောဆယ်မှာ မန်စီးတီး အသင်းကတော့ ဂိုးသမားသစ် ခေါ်ယူတာနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
ပရီးမီးယားလိဂ်ရဲ့ ဘောလုံးသမား အပြောင်းအရွှေ့ ဈေးကွက်ဟာ လာမယ့် ၃၁ ရက်နေ့ ပိတ်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အီးပီအေ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/165179

No comments:
Post a Comment