
အင်္ဂလန် လိဂ်ဖလား ဒုတိယ အဆင့် ပွဲစဉ် အဖြစ် ပရီးမီးယားလိဂ် ကလပ် လီဗာပူးနဲ့ ချန်ပီယံရှစ် ကလပ် ဘာတန်တို့ သြဂုတ် ၂၃ ရက်ညက ယှဉ်ပြိုင်ရာ လီဗာပူးက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်တဆင့် တက်သွား ပါတယ်။
လီဗာပူးဟာ ပြီးခဲ့တဲ့ ၂၀ ရက်နေ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘန်လေကို ရှုံးနိမ့်ခဲ့တဲ့ လူစာရင်း ကနေ ၄ ဦးအထိ အပြောင်းအလဲ လုပ်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တန်းတက် ဘန်လေကို ရှုံးနိမ့်ခဲ့တဲ့အတွက်လည်း လီဗာပူးဟာ ဒီပွဲမှာ အာရုံစိုက်ပြီး ယှဉ်ပြိုင်သွားပါတယ်။
ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်တွေမှာ အသာစီး ရယူနိုင်ခဲ့ပါတယ်။
လီဗာပူးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၅ မိနစ်မှာ အော်ရီဂီ၊ ၂၂ မိနစ်မှာ ဖာမီနို၊ ၇၈ မိနစ်နဲ့ ၈၃ မိနစ်တွေမှာ စတာရစ်ခ်ျနဲ့ ၆၃ မိနစ်မှာ ဘာတန်ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ရရှိခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/165201

No comments:
Post a Comment