
ခရစ္စတယ် ပဲလေ့စ် အသင်းဟာ လီဗာပူး တိုက်စစ်မှူး ဘန်တီကီကို ပေါင် ၃၂ သန်းနဲ့ ခေါ်ယူဖို့ သဘော တူညီမှု ရရှိ ခဲ့ပြီး မကြာမှီ ဆေးစစ်ပြီး အပြီးသတ် စာချုပ် ချုပ်ဆို တော့မယ်လို့ သိရ ပါတယ်။
အသက် ၂၅ နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ဘန်တီကီဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက အက်စတွန် ဗီလာအသင်း ကနေ လီဗာပူး အသင်းထံ ပေါင် ၃၂.၅ သန်းနဲ့ ပြောင်းရွှေ့ လာတာ ဖြစ်ပြီး ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန် ခဲ့ရတာပါ။
ခရစ္စတယ် ပဲလေ့စ် အသင်းဟာ အားထား ရတဲ့ ကွင်းလယ်လူ ဘိုလာစီကို အဲဗာတန် အသင်းထဲ ပေါင် ၂၅ သန်းနဲ့ ရောင်းချ ခဲ့ပြီး နောက်ထပ် ကွင်းလယ် ကစားသမား ဂျီဒီနက်ခ်ကိုလည်း ဗီလာ အသင်းထံ ပေါင် ၄ သန်းနဲ့ ရောင်းချ ခဲ့ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/164759

No comments:
Post a Comment