မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 30, 2016

အင်္ဂလန်လိဂ်ဖလား ကွာတားပွဲစဉ် လီဗာပူး ၂ – ၀ လိဒ်ယူနိုက်တက်၊ ဟားစီးတီး ၄ – ၂ နယူးကာဆယ် (ရုပ်သံဟိုက်လိုက်)




နိုဝင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင် သွားတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်မှာ လီဗာပူးက လိဒ်ယူနိုက်တက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီး ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။



နိုဝင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင်သွားတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်မှာ လီဗာပူးက လိဒ်ယူနိုက်တက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက် သွားပါတယ်။

ဒီပွဲမှာ လီဗာပူးက လူငယ် အများစုနဲ့ ပွဲထွက် လာပြီး ဦးဆောင်ဂိုးကို အိုရီဂီ၊ ဒုတိယဂိုးကို ဝေးလ် ဆက်ကျော်သက် ကစားသမား ၀ုဘန်းက သွင်းယူပါတယ်။

ချန်ပီယံရှစ်တန်းက လိဒ်အသင်းဟာ အဝေးကွင်းမှာ လီဗာဗူးကို အပြန်အလှန် ထိုးဖောက် ကစားနိုင် ခဲ့ပါတယ်။

လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပြီး အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့လို့ အနိုင်ရခဲ့တာပါ။



မနေ့က တချိန်တည်းကန်တဲ့ နောက်ပွဲစဉ်မှာတော့ နယူးကာဆယ်နဲ့ ဟားစီးတီးတို့ ၁ ဂိုးစီ သရေကျလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

ပင်နယ်တီမှာ ဟားစီးတီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး လိဂ်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/178007

No comments:

Post a Comment