
လီဗာပူး တိုက်စစ်မှူး ကော်တင်ဟိုဟာ ခြေချင်းဝတ် ဒဏ်ရာကြောင့် လာမယ့်နှစ် ဇန်န၀ါရီ လလယ်ပိုင်း မတိုင်ခင် အထိ ကစားနိုင်မှာ မဟုတ်တော့ ဘူးလို့ အသင်းက ထုတ်ပြန် ထားပါတယ်။
ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ဆန်းဒါးလန်းကို အနိုင်ရတဲ့ ပွဲမှာ တဘက် ကစားသမားနဲ့ တိုက်မိပြီး ခြေချင်းဝတ် ဒဏ်ရာ ရခဲ့တာပါ။
တိုက်စစ်မှူး ကော်တင်ဟိုဟာ ဒီနှစ်ရာသီ ထဲမှာ လီဗာပူးနဲ့ ဘရာဇီး အသင်းမှာ ခြေစွမ်းပြ ကစားနေ သူလည်း ဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ် ဘရာဇီး ကစားသမားဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူး အတွက် ၅ ဂိုး သွင်းပေး ထားပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးမှု ၆ ကြိမ် လုပ်ပေး ထားပါတယ်။
ဓာတ်ပုံ - Getty
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/177898





No comments:
Post a Comment