
အမျိုးသမီးလိဂ် ပေါ်ပေါက် လာတာဟာ အနာဂတ် အတွက် အမျိုးသမီး ရွက်ပုန်းသီး ကစား သမားတွေ ပေါ်ထွက် လာပြီး နိုင်ငံ့ လက်ရွေးစင် အသင်း အတွက် အများကြီး အထောက် အကူပြုနိုင် လိမ့်မယ်လို့ အမျိုးသမီး ဘောလုံးသမားတွေက ဆိုကြ ပါတယ်။
ဒါ့အပြင် လက်ရှိ လက်ရွေးစင် အမျိုးသမီး ဘောလုံး သမားတွေ အနေနဲ့လည်း ကစား သမားကောင်းတွေ ထပ်မံပေါ်ထွက် လာတဲ့ အတွက် နေရာ မဖယ်ပေးရရေး ကြိုးစား လာကြမယ်လို့ မျှော်လင့်ကြောင်း မြဝတီ အမျိုးသမီး အသင်းမန်နေဂျာ မညွန့်ညွန့်က ပြောပါတယ်။
“လက်ရွေးစင် အားကစားသမားတွေ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာရှိတဲ့သူတွေကို အခုလို ပြိုင်ပွဲတွေကနေ စိတ်ကြိုက်ရွေးမယ်၊ လေ့ကျင့်မယ်ဆို လက်ရွေးစင် အသင်းအတွက် အင်အား ပိုမိုကောင်းမွန်လာပြီး တိုးတက်လာမယ်။
လက်ရှိ လက်ရွေးစင်မှာရှိနေတဲ့ အားကစားသမားတွေက ငါတို့ ပိုကြိုးစားမှရမယ်ဆိုပြီး ကြိုးစားချင်စိတ်တွေ ရှိလာမှာပါ။”
အမျိုးသမီးလိဂ်ကို လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး အားကာသိပ္ပံမှ ၂ သင်း၊ ကာကွယ်ရေးမှ ၂ သင်း၊ ဇွဲကပင်အသင်းနဲ့ တက္ကသိုလ်လက်ရွေးစင် အသင်းတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ – ထက်လူ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/178020





No comments:
Post a Comment