မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, August 31, 2016

ချဲလ်ဆီးအသင်း ခရီအေးရှား ကွင်းလယ်လူကို ခေါ်ယူရန် နီးစပ်နေ




ချဲလ်ဆီး အသင်းဟာ အင်တာ မီလန်က ခရိုအေးရှား လက်ရွေးစင် ကွင်းလယ် ကစားသမား ဘရိုဇိုဗစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ် နေပါတယ်။

ချဲလ်ဆီး အသင်း နည်းပြ ကွန်တီ အနေနဲ့ အသင်းရဲ့ ကွင်းလယ်မှာ ကစား အားကောင်းတဲ့ ကစား သမား တဦးအလို ရှိနေပြီး အသက် ၂၂ ရှိ ဘရို ဇိုဗစ်ကို ပေါင်၂၅သန်းနဲ့ ခေါ်ယူ သွားမယ်လို့ သိရပါတယ်။

ခရိုအေး ရှားအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ဘရိုဇိုဗစ်ဟာ ဒိုင်နမိုဇာဂရက်အသင်းကနေ အင်တာမီလန်အသင်းဆီ ၁၈ လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အင်တာအီလန်က အပြီးသတ်စာချုပ် ချုပ်ဆိုခွင့်လည်းရှိနေတာပါ။

ဒါပေမယ့် ချဲလ်ဆီးအသင်းက ဘရိုဇိုဗစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရောင်းချဖို့ နီးစပ်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဖီအိုရင်တီးနားအသင်းက ဘယ်နောက်ခံကစားသမား မားကို့စ်အလွန်ဆိုကိုလည်း ပေါင် ၂၃ သန်းနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေပြီး အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ရောက်ရှိလာဖို့ရှိပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/166451

No comments:

Post a Comment