
ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘီလ်ဘာအိုလ်ကို ၁ ဂိုး ဂိုးမရှိ အနိုင်ရတဲ့ ပွဲမှာ ဘယ်ဘက် တံကောက်ကျော ဒဏ်ရာ ရရှိခဲ့လို့ အာဂျင်တီးနား လက်ရွေးစင် အသင်း ကနေ နုတ်ထွက် လိုက်ရ ပါတယ်။
မက်ဆီဟာ ကိုပါ အမေရိက ဖလား ပြိုင်ပွဲမှာ ချန်ပီယံ ဖလားနဲ့ လွဲချော် ခဲ့ပြီးနောက် လက်ရွေးစင် အသင်းက အနား ယူခဲ့ပေမယ့် အသင်းက ပြန်လည် ကစားဖို့ တောင်းဆို ခဲ့လို့ လက်ရွေးစင် အသင်းမှာ ပြန်လည် ကစားဖို့ ဆုံးဖြတ် ခဲ့တာပါ။
အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် စက်တင်ဘာ ၁ ရက်မှာ ဥရုဂွေး အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး မက်ဆီ ဒဏ်ရာကြောင့် ပါဝင် ကစားနိုင်မှာ မဟုတ်လို့ အခက်တွေ့ဖွယ် ရှိပါတယ်။
အာဂျင်တီးနား အသင်းမှာ မန်စီးတီး တိုက်စစ်မှူး အဂွဲရိုးက ခြေသလုံး ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိသလို ဂျူဗင်တပ် တိုက်စစ်မှူး ဟီဂူအင်လည်း ရွေးချယ်ခြင်း မရှိ ခဲ့တာဖြစ် ပါတယ်။
အာဂျင်တီးနား အသင်းကို နည်းပြသစ် အက်ဂါဒိုဘာယူဇာက ကိုင်တွယ်နေပြီး တောင်အမေရိက ဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဆင့် ၃ နေရာမှာရပ်တည်နေတာပါ။
အာဂျင်တီးနားအသင်းဟာ ဥရုဂွေးနဲ့ ကစားအပြီးမှာ ဗင်နီဇွဲလားအသင်းနဲ့ လာမယ့်စက်တင်ဘာ ၆ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/166396

No comments:
Post a Comment