Wednesday, August 31, 2016
ဘာလော့တယ်လီကို ပြင်သစ် ကလပ်ထံ ရောင်းချရန် လီဗာပူး စီစဉ်
လီဗာပူး အသင်းဟာ တိုက်စစ်မှူး ဘာလော့ တယ်လီကို ပြင်သစ် ကလပ်နိုက်စ် အသင်းထံ ရောင်းချဖို့ စီစဉ်နေ ပါတယ်။
အီတလီ တိုက်စစ်မှူး ဘာလော့ တယ်လီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း အေစီမီလန်အသင်းမှာ အငှားသွားရောက်ကစားခဲ့ရပြီး ၂၃ ပွဲမှာ ၃ ဂိုးသွင်းယူခဲ့ပါတယ်။
လီဗာပူးနည်းပြ ဂျာဂန်ကလော့ဟာ ဘာလော့ တီလီရဲ့ခြေစွမ်းကို ကြိုက်နှစ်သက်ခြင်းမရှိလို့ အပြောင်းအရွှေ့မပိတ်ခင်မှာ အပြီးသတ်ရောင်းချဖို့စီစဉ်နေတာ ဖြစ်ပြီး ပြင်သစ်ကလပ်နိုက်စ်အသင်းကလည်း ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ဘာလော့တယ်လီဟာ ၂၀၁၄ ခုနှစ်က လီဗာပူးအသင်းဆီ ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး လီဗာပူးအသင်းမှာ ၂၈ ပွဲ ကစားခဲ့ပြီး ၄ ဂိုးသွင်းယူခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်လူတွေဖြစ်တဲ့ မာကိုဗစ်၊ အယ်လ်ဘာတိုနဲ့ လူငယ်နောက်ခံလူ ၀စ်ဒမ်တို့ကိုလည်း အသင်းကနေ ရောင်းထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/166382
Labels:
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment