မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, August 31, 2016

အာဆင်နယ်အသင်းက ၀ီလ်ရှိုင်းယားကို အငှားချမည်




အာဆင်နယ် အသင်းဟာ အင်္ဂလန် ကွင်းလယ် ကစား သမား ဂျက်ဝီလ် ရှိုင်းယားကို အငှားချဖို့ စီစဉ် နေပါတယ်။

အသက် ၂၄ နှစ်ရှိ ၀ီလ် ရှိုင်းယားဟာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန် ခဲ့ရပြီး ဒီနှစ် ဘောလုံး ရာသီမှာလည်း ၃၇ မိနစ်ပဲ လူစားလဲ ကစားခွင့် ရရခဲ့တာပါ။

အာဆင်နယ် အသင်းရဲ့ ကွင်းလယ်မှာ ကိုကီလင်၊ ရှာကာ၊ အယ်နန်နီ၊ ကာဇိုလာတို့လို ကစားသမား တွေလည်း ခြေစွမ်းပြနေတာကြောင့် ၀ီလ် ရှိုင်းယား အတွက် ပွဲထွက်ခွင့် အာမံခံချက် မရှိ တာကြောင့် အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးက အငှားချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဝီလ်ရှိုင်းယားဟာ ယူရို ၂၀၀၆ ပြိုင်ပွဲမှာ ရွေးချယ်ခံခဲ့ရပေမယ့် အင်္ဂလန်နည်းပြသစ် ဆမ်အလာဒိုက်စ် လက်ထက်မှာတော့ ပွဲထွက်ခွင့် မရတဲ့အကြောင်းပြချက်နဲ့ လက်ရွေးစင် အသင်းက ချန်လှပ် ခံခဲ့ရတာပါ။

ဝီလ်ရှိုင်းယားကို စပိန်ကလပ်ဗလင်စီယာအသင်းက ဂယ်ရီနဗီးလ်နည်းပြစဉ် အငှားခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပြီး အာဆင်နယ်အသင်းကလက်မခံခဲ့ပါဘူး။

အာဆင်နယ်အသင်းအနေနဲ့ ၀ီလ်ရှိုင်းယားကို ပရီးမီးယားလိဂ်အသင်း ကြီးတွေဆီမှာတော့ အငှားချမှာမဟုတ်ဘဲ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဆီ အငှားချမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/166337

No comments:

Post a Comment