
မန်စီးတီး အသင်း ဂိုးသမား ဂျိုဟတ်ဟာ အီတလီစီးရီးအေ ကလပ် တိုရီနို အသင်းဆီ အငှား စာချုပ်နဲ့ ပြောင်းရွှေ့ တော့မှာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိ ဂျိုဟတ်ဟာ အင်္ဂလန်အ သင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေတာ ဖြစ်ပေ မယ့် အပြောင်းအရွှေ့ မပိတ်ခင် အငှားစာချုပ် ချုပ်ဆိုနိုင်ဖို့ အတွက် အီတလီနိုင်ငံကို ထွက်ခွာ သွားပြီး နည်းပြ ဆမ် အလာဒိုက်စ်ကလည်း ခွင့်ပြု ခဲ့တယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ ဘာစီလိုနာက ချီလီလက် ရွေးစင်ဂိုးသမား ဘရာဗိုကို ပေါင် ၁၇ သန်းနဲ့ ခေါ်ယူထားပြီး အာဂျင်တီးနားဂိုးသမား ကာဘယ်လီယိုလည်း ရှိနေတာကြောင့် တတိယဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ထားတဲ့ ဂျိုဟတ်ကို အငှားကစားခွင့်ပေးခဲ့ တာဖြစ်ပါတယ်။
အင်္ဂလန်ဂိုးသမား ဂျိုဟက်ဟာ စပိန်နည်းပြ ဂွါဒီယိုလာရောက်ရှိလာပြီးနောက်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သူဖြစ်ပြီး စတူအာဘူခါရက်နဲ့ချန်ပီယံ လိဂ်ဒုတိယအကျော့ပွဲစဉ်တစ်ပွဲပဲ ပွဲထွက်ကစားခွင့်ရခဲ့တာပါ။
မန်စီးတီးအသင်းဟာ တိုက်စစ်မှူးဘိုနီကိုလည်း အငှားချမှာဖြစ်ပြီး ၀က်စ်ဟမ်းနဲ့စတုတ်စီးတီးအသင်းတို့နဲ့ ဆွေးနွေးနေပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/166272

No comments:
Post a Comment