မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, September 1, 2016

ရွန်နီ လက်ရွေးစင် ကစားသမား ဘ၀ကနေ အနား ယူတော့မည်




အင်္ဂလန် အသင်း ခေါင်းဆောင် ၀ိန်း ရွန်နီက လာမယ့် ၂၀၁၈ ကမ္ဘာ့ ဖလား ဘောလုံးပွဲ ပြီးရင် လက်ရွေးစင် ကစား သမား ဘ၀ကနေ အနား ယူတော့မှာ ဖြစ် တယ်လို့
ပြောပါတယ်။

အင်္ဂလန်နည်းပြ ဆမ် အလာဒိုက်စ်က အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ပေး အပြီးမှာ ရွန်နီက ပြောဆို လိုက်တာပါ။

ရုရှားမှာ လုပ်တဲ့ ကမ္ဘာ့ဖလား ပြီးရင် အနား ယူဖို့ အချိန် ကျပြီလို့ ခံစား ရပါတယ် လို့လည်း အသက် ၃၀ အရွယ် တိုက်စစ်မှူး ရွန်နီက ပြောပါတယ်။

မန်ယူ တိုက်စစ်မှူး ရွန်နီဟာ အင်္ဂလန် အသင်း အတွက် ပွဲပေါင်း ၁၁၅ ပွဲမှာ ၅၃ ဂိုး သွင်းပေး ထားပါတယ်။

အင်္ဂလန် အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖြစ် လာမယ့် တနင်္ဂနွေနေ့မှာ စလိုဗက်ကီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/166506

No comments:

Post a Comment