
စတုတ်စီးတီး အသင်းက မန်စီးတီး တိုက်စစ်မှူး ဘိုနီကို တနှစ် အငှား စာချုပ်နဲ့ ခေါ်ယူ လိုက်ပါတယ်။
အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူး ဘိုနီဟာ ဆွမ်ဆီး အသင်းကနေ ၂၀၁၅ မှာ မန်စီးတီးကို ပေါင် ၂၈ သန်းနဲ့ ရောက်ရှိ လာတာပါ။
အိုင်ဗရီကို့စ် တိုက်စစ်မှူးဟာ မန်စီးတီး အတွက် ၁၅ ပွဲသာ ကစားပေး ထားရပါတယ်။ ဒါ့အပြင် မန်စီးတီး နည်းပြသစ် ဂွာဒီယိုလာ လက်ထက်မှာလည်း ပွဲထွက် ကစားခွင့် မရသေးပါဘူး။
တိုက်စစ်မှူး ဘိုနီဟာ အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၄၄ ပွဲမှာ ၁၃ ဂိုး သွင်းပေး ထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/166510





No comments:
Post a Comment