
မန်ချက်စတာ စီးတီး အသင်း ကွင်းလယ် သမား နာစရီဟာ စပိန် လာလီဂါ ကလပ် ဆီဗီလာ အသင်းကို တနှစ် အငှား စာချုပ်နဲ့ ပြောင်းရွှေ့ သွားပါတယ်။
ပြင်သစ် ကွင်းလယ်သမား နာစရီဟာ မန်စီးတီး နည်းပြသစ် ဂွာဒီယိုလာ လက်ထက်မှာ ပွဲထွက် ကစားခွင့် မရတဲ့အတွက် အသင်းပြောင်းသွားတာပါ။
အသက် ၂၉ နှစ်အရွယ် နာစရီဟာ ၂၀၁၁ မှာ အာစင်နယ်အသင်းကနေ မန်စီးတီးကို ရောက်ရှိလာပြီး ပရီးမီးယားလိဂ်မှာ ၂ ကြိမ် ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။
နာစရီဟာ ပြီးခဲ့တဲ့ ရာသီမှာ ဒဏ်ရာပြဿနာနဲ့ ကြုံခဲ့ရလို့ အသင်းအတွက် ၄ ပွဲပဲ ကစားပေးနိုင်ခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/166517





No comments:
Post a Comment