မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, September 3, 2016

ယူအက်စ် အိုးပင်းပြိုင်ပွဲတွင် စရီနာဝီလျံစ်နှင့် အန်ဒီမာရေးတို့ အနိုင်ရ




အမေရိကန် ပြည်ထောင်စု နယူးယော့ခ်မှာ ကျင်းပ နေတဲ့ U.S. Open တင်းနစ် ပြိုင်ပွဲမှာ စရီနာ ၀ီလျံစ်က ဗန်နိယာ ကင်းကို ၆-၃၊ ၆-၃ နဲ့ အနိုင် ရပြီး တတိယ အဆင့်ကို တက်သွား ပါတယ်။

စရီနာနဲ့ ညီအစ်မ ဖြစ်တဲ့ ဗီးနက် ၀ီလျံကလည်း ဂျာမနီက ဂျူလီယာ ဂျော့ခ်ျကို အနိုင်ခဲ့ပြီး တတိယ အဆင့်ကို တက်သွား ပါတယ်။

ဒါကြောင့် ၀ီလျံ ညီအစ်မ ၂ ယောက်ဟာ အကြို ဗိုလ်လုပွဲကျရင် တွေ့နိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပါတယ်။

အမျိုးသား တဦးချင်းပြိုင်ပွဲမှာ အန်ဒီ မာရေးက စပိန်က မာစယ် ဂရန်နော့လာကို ၆-၄၊ ၆-၁၊ ၆-၄ နဲ့ အနိုင်ရပြီး တတိယ အဆင့်ကို တက်သွားပါတယ်။

တတိယ အဆင့်မှာတော့ မာရေးဟာ အီတလီ တင်းနစ် သမား ပေါ်လို လောရန်ဇီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/166831

No comments:

Post a Comment