မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, September 3, 2016

အဂွီရို သုံးပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ယူနှင့်ပွဲ လွဲချော်




မန်စီးတီး အသင်းရဲ့ အဓိက တိုက်စစ်မှူး အဂွီရိုဟာ ဝက်စ်ဟမ်း နောက်ခံလူ ဝင်စတန်ရိဒ်ကို တံတောင်နဲ့ တွက်ခဲ့ တာကြောင့် သုံးပွဲပယ် ပြစ်ဒဏ်ပေး ခံရပြီး မန်ချက်စတာ ဒါဘီပွဲကို လွဲချော် သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ် ပရီးမီးယားလိဂ် ဝက်စ်ဟမ်းကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ဝက်စ်ဟမ်း နောက်ခံလူ ရိဒ်နဲ့ ဘောလုံးယှဉ် လုရင်း တံတောင်နဲ့ တွက်ခဲ့ တာပါ။

သူဟာ အဲဒီပွဲချိန်အတွင်းမှာ အနီကတ်ထိခြင်းမရှိခဲ့ပေမယ့် ပွဲပြီးတဲ့နောက် ပရီးမီးယားလိဂ် စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့က ဗွီဒီယိုပြန် ကြည့်ပြီး ပြစ်ဒဏ် ကျူးလွန်တာ သေချာ တာကြောင့် သုံးပွဲပယ် ပြစ်ဒဏ် ချမှတ် ခဲ့တာပါ။

စက်တင်ဘာ ၁၀ ရက်မှာ ယှဉ်ပြိုင်မယ့် ယူနိုက်တက်နဲ့ စီးတီးတို့ရဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ အဂွီရို မပါဝင်နိုင်တော့တာကြောင့် မန်စီးတီးအတွက် ထိုးနှက်ချက် တခုဖြစ်လာပါတယ်။

ဒီပွဲစဉ်ဟာ အင်္ဂလန်မှာ အပြင်းထန်ဆုံး ဒါဘီပွဲစဉ်ဖြစ်သလို နည်းပြနှစ်ဦးဖြစ်တဲ့ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့ဟာလည်း တချိန်က လာလီဂါမှာလည်း အဓိကပြိုင်ဘက် နည်းပြ နှစ်ဦးဖြစ်တာကြောင့် ဒီပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်ဦးမှာ ဖြစ်ပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/166887

1 comment:

  1. အကိုရေ ဘောလုံးပွဲ live score ပြတဲ့ application လေး သဘောကျလို. Friends တွေအတွက် တင်ပေးစေချင်လို့ ပါခင်ဗျာ https://www.dropbox.com/s/2seyatdng85t8h5/LiveScoreSoccer_v1.1.apk?dl=0

    ReplyDelete