မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, September 4, 2016

ရာဖေးနာဒယ် ယူအက်စ်အိုးပင်း ၁၆ ဦးအဆင့်သို့ တက်ရောက်




ယမန် နေ့က ကစား ခဲ့သော ယူအက်စ် အိုးပင်း တင်းနစ် ပြိုင်ပွဲတွင် နိုင်ခြေ အဆင့် (၄) ရာဖေးနာဒယ်က ရုရှားမှ အန် ဒရေး ကုဇနက်ဆော့ဗ်ကို ၆-၁၊ ၆-၄၊ ၆-၂ ဖြင့် သုံးပွဲဆက် အနိုင် ရရှိပြီး နောက်ဆုံး ၁၆ ဦးအဆင့်သို့ တက်လှမ်း ခဲ့သည်။

လက်ကောက်ဝတ်ဒဏ်ရာ ကြောင့် ၀င်ဘယ်ဒန်နှင့်လွဲချော်ခဲ့ သော နာဒယ်သည် ၂၀၁၆ ၏ နောက်ဆုံးဂရင်းဆလမ်ပြိုင်ပွဲ တွင် ပွဲငယ်တစ်ပွဲမျှ မရှုံးသေးဘဲ ၁၆ ဦးအဆင့်သို့ တက်လှမ်းလာခဲ့ ခြင်းဖြစ်သည်။

‘‘ဒီည ကျွန်တော်ကောင်း ကောင်းကစားနိုင်ခဲ့တယ်ထင်ပါ တယ်။ ကစားပုံကို ကျေနပ်ပါ တယ်။ အထူးသဖြင့် ပထမပွဲငယ် က အရမ်းအဆင့်မြင့်ပါတယ်’’ဟု နာဒယ်က ပြောသည်။

ကမ္ဘာ့အဆင့်(၄၇)ကုဇနက် ဆော့ဗ်က ဒုတိယပွဲငယ်တွင် နာ ဒယ်ကိုဖိအားပေးခဲ့သော်လည်း နာဒယ်က အလျှော့မပေးခဲ့ဘဲ ပြင်းထန်သော ရိုက်ချက်များဖြင့် တုံ့ပြန်ကာ ဒုတိယပွဲငယ်ကို အ နိုင်ရရှိခဲ့သည်။ တတိယပွဲငယ်ကို လည်း နာဒယ်ကပင် ဦးဆောင်က စားသွားခဲ့သည်။

နာဒယ်သည် စတုတ္ထအဆင့် တွင် ကမ္ဘာ့အဆင့် (၂၄)လူးကပ်စ် ပိုဟူလီနှင့် တွေ့ဆုံမည်ဖြစ်သည်။

စောစောပိုင်းက ပြိုင်ဘက် ယူဇနီအနားယူခဲ့သဖြင့် ကမ္ဘာ့ ထိပ်တန်းဂျိုကိုဗစ်လည်း စတုတ္ထအဆင့် တက်ရောက်လာသည်။

Ref:Reuters

From : 7 day daily

Originally published at - http://www.7daydaily.com/story/74594

No comments:

Post a Comment