မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, January 9, 2017

ဗီလာရီးရဲလ်နှင့် ၁ ဂိုးစီသရေကျသည့် ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)




ဒီဇင်ဘာ ၈ ရက်ညက ယှဉ်ပြိုင် သွားတဲ့ စပိန် လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာနဲ့ ဗီလာရီးရဲလ်တို့ ၁ ဂိုးစီ သရေကျ သွားပါတယ်။

အိမ်ရှင် ဗီလာရီးရဲလ် အတွက် ဦးဆောင်ဂိုးကို ၄၉ မိနစ်မှာ သွင်းယူ ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒီပွဲမှာ နေမာ၊ ဆွာရက်၊ မက်ဆီတို့နဲ့ လူစုံထုတ် ကစား သွားပေမယ့် ဂိုးရဖို့ ရုန်းကန် သွားရပါတယ်။

ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ဖိအားပေး ကစားနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်လည်း အကြိမ် ၂၀ အထိ ရခဲ့ပါတယ်။

ဗီလာရီးရဲလ် ကလည်း အိမ်ကွင်း ရလဒ်ကောင်းတဲ့ အသင်းဖြစ်လို့ ဘာကာကို တောင့်ခံ ကစားနိုင် ခဲ့ပါတယ်။

ဘာကာအတွက် ချေပဂိုးကို မိနစ် ၉၀ မှာ တိုက်စစ်မှူး မက်ဆီက ဖရီးကစ်ကနေ တိုက်ရိုက် ကန်သွင်းယူတာ ဖြစ်ပါတယ်။

ဒီပွဲသရေကျလို့ ဘာစီလိုနာဟာ ၃၅ မှတ်နဲ့ အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့နောက် ၅ မှတ်အကွာမှာ ရပ်တည်နေပါတယ်။

ဗီလာရီးရဲလ်ကတော့ အမှတ် ၃၀ နဲ့ အဆင့် ၅ မှာ ရှိနေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183256

No comments:

Post a Comment