
တိုက်ကွမ်ဒို အားကစား နည်းဟာ လာမယ့် မလေးရှား ဆီးဂိမ်း ပြိုင်ပွဲကို လူငယ် မျိုးဆက်သစ် ကစားသမား တွေနဲ့ပဲ အခြေ ခံပြီးတော့ သွားရောက် ယှဉ်ပြိုင် မယ်လို့ သိရ ပါတယ်။
ဒီလိုသွားရောက် ယှဉ်ပြိုင် ရတာဟာ လက်ရွေးစင် နာမည်ကြီး ကစား သမားဟောင်း တော်တော် များများ အနားယူ သွားတာကြောင့် ဖြစ်ပြီး ကစားသမား အသစ်တွေမှာ လုံလောက်တဲ့ အရည်အချင်းတွေ ပြည့်ဝနေ ပြီလို့ တိုက်ကွမ်ဒို အသင်း အုပ်ချုပ်သူ ဦးဖြိုးဇော်အောင်က ပြောပါတယ်။
လာမယ့်ဆီးဂိမ်းအတွက် ကစားသမား ၁၃ ဦးနဲ့ နေပြည်တော်မှာရှိတဲ့ Gold Camp မှာ ဇန်န၀ါရီလ ၁ ရက်နေ့ကတည်းက စခန်းသွင်းလေ့ကျင့်နေပြီးတော့ ကိုရီးယားနိုင်ငံသား နည်းပြ ၂ ဦးနဲ့လေ့ကျင့်နေတာပါ။
လာမယ့် ၂၀၁၇ ခုနှစ်အတွင်းမှာလည်း ကိုရီးယားနိုင်ငံကို joint Training အနေနဲ့သွားရောက်လေ့ကျင့်ဖို့ရှိနေပါတယ်။
ဆီးဂိမ်း ဆုတံဆိပ်မျှော်မှန်းချက်အနေနဲ့ကတော့ ရွှေ၊ငွေ၊ကြေး ဆုတံဆိပ် ၁ ခုစီရရှိဖို့ ရည်မှန်းထားတယ်လို့ အသင်းအုပ်ချုပ်သူကပြောပါတယ်။
မြန်မာတိုက်ကွမ်ဒိုအားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ စင်ကာပူဆီးဂိမ်းမှာ ငွေ ၂ ဆု နဲ့ ကြေး၁ ဆုပဲရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ မျိုးဆက်သစ်ကစားသမားတွေနဲ့ ဆုတံဆိပ်တွေ ရရှိဖို့ မျှော်လင့်နေတာပါ။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/175602





No comments:
Post a Comment