မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 11, 2016

အာဂျင်တီးနားကို ဘရာဇီး ၃ ဂိုးပြတ်အနိုင်ယူ




နိုဝင်ဘာလ ၁၀ ရက်နေ့က ကန်သွားတဲ့ တောင် အမေရိက ဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဘရာဇီးက အာဂျင်တီးနား အသင်းကို ၃ ဂိုးပြတ် အနိုင်ရ သွားပါတယ်။

ဘရာဇီး အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၄ မိနစ်မှာ နေမာ ပေးတဲ့ ဘောလုံးကနေ တဆင့် ကော်တင်ညိုက သွင်းယူပေး ခဲ့ပြီး ပထမပိုင်း ၄၅မိနစ် ပြီးခါနီး နာကျင် အချိန်ပိုမှာ နေမာက ဒုတိယ ဂိုးသွင်းယူပေး ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၅၉ မိနစ်မှာ အော်ဂတ်စတိုပေးတဲ့ ဘောလုံးကတဆင့် ပေါ်လင်ဟိုက ဘရာဇီးအတွက် တတိယနဲ့ နောက်ဆုံး ဂိုးသွင်းယူပေး ခဲ့ပြီးနောက် တဖက်နဲ့ တဖက် ဂိုးထပ် မသွင်းနိုင် တော့ဘဲ ၃ ဂိုး ဂိုးမရှိနဲ့ ဘရာဇီးသားတွေ အိမ်ကွင်းမှာ အောင်ပွဲခံ သွားခဲ့တာပါ။

တောင်အမေရိက ဇုန် တခြား ပွဲစဉ်တွေ မှာတော့ ဗင်နီဇွဲလားက ဘိုလီးဗီးယားကို ၅ ဂိုးပြတ်နိုင်ပြီး ဥရုဂွေးက အီကွေဒေါကို ၂ ဂိုး၁ ဂိုး၊ ပီရူးက ပါရာဂွေးကို ၄ ဂိုး ၁ဂိုးနဲ့ အသီးသီး အနိုင်ရသွား ပါတယ်။

မနေ့ညကပွဲပြီးမှာ ဘရာဇီးကရမှတ်၂၄မှတ်နဲ့ အုပ်စု ထိပ်ဆုံးမှာရပ်တည်နေပြီး ဥရုဂွေးက ၂၃ မှတ်နဲ့ ဒုတိယနေရာ၊ အာဂျင်တီးနားကတော့ ၁၆မှတ်နဲ့ အဆင့် ၆မှာ ရပ်တည်နေလို့ ခြေစစ်ပွဲအောင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/175630

No comments:

Post a Comment