
၂၀၁၆ ခုနှစ် အတွက် ဖီဖာ အကောင်းဆုံး ဘောလုံး သမားဆုကို ခရစ္စတီယာနို ရော်နယ်ဒို ရရှိသွား ပါတယ်။
သူဟာ ၂၀၁၆ ခုနှစ် အတွင်းမှာ တဦးချင်းရော အသင်းလိုက် စွမ်းဆောင်ရည် မှာပါ အထွတ် အထိပ် ရောက်ခဲ့ပြီး ရီးရဲလ်နဲ့ အတူ ချန်ပီယံလိဂ် ဖလားရသလို ပေါ်တူဂီ အသင်းနဲ့လည်း ယူရို ၂၀၁၆ ဆုဖလားတွေ ဆွတ်ခူးနိုင် ခဲ့တာပါ။
သူဟာ ဒီဆုကို ၄ ကြိမ်မြောက် ရရှိတာဖြစ်ပြီး အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ဂရစ်ဇ်မန်းနဲ့ မက်ဆီတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။
၂၀၁၆ အတွက် အကောင်းဆုံးနည်းပြဆုကိုတော့ လက်စတာအသင်းနည်းပြ ရေနီရာရီက ရရှိသွားပါတယ်။
သူဟာ လက်စတာအသင်းကို ပရီးမီးယားလိဂ်ဖလားရဖို့ အံ့အားသင့်ဖွယ် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။
အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကိုတော့ အမေရိကန်ကစားသမား ကာလီလွိုက်က ရရှိသွားပါတယ်။
ဒီဆုချီးမြှင့်တဲ့ အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် ညက ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/183343





No comments:
Post a Comment