
တရုတ် စူပါလိဂ် ကလပ် အသင်းတွေဟာ အင်္ဂလန် လက်ရွေးစင် ကစားသမား တွေကို ၁ ပတ် ပေါင် ၈ သိန်းအထိ ပေးချေပြီး ခေါ်ယူဖို့ စီစဉ်နေ တယ်လို့ သိရပါတယ်။
တရုတ် စူပါလိဂ် ကလပ် အသင်းတွေဟာ နာမည်ကျော် ကစား သမားတွေကို မက်မောလောက်တဲ့ လုပ်ခတွေနဲ့ ဆွဲဆောင်ပြီး အော်စကာ၊ ပေါ်လင်ဟို၊ ရာမီးရက်စ် စတဲ့ ဘရာဇီး လက်ရွေးစင် ကစား သမားတွေကို လုပ်ခ လစာ ပိုပေးပြီး ခေါ်ယူ ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားတွေကို ပစ်မှတ်ထားနေပြီး စပါးအသင်းက ဒယ်လီအယ်လီနဲ့ ဟယ်ရီကိန်း၊ လီဗာပူးက စတာရစ်ခ်ျ၊ အဲဗာတန်က ဘာကလေတို့ကို ဦးစားပေးကမ်းလှမ်းသွားဖို့ စီစဉ်နေတာပါ။
အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁ ပတ်လုပ်ခ အများဆုံးရရှိထားတဲ့ ကစားသမားတွေရဲ့ လုပ်ခဟာ ၁ ပတ် ပေါင် ၂ သိန်းခွဲလောက်ပဲ ရှိတာကြောင့် ၁ ပတ် ပေါင် ၈ သိန်းအထိ လုပ်ခပေးမယ့် တရုတ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုဟာ ကစားသမားတွေအတွက် မက်မောစရာ ငွေကြေး ဖြစ်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/183349





No comments:
Post a Comment