
နိုင်ငံတကာ တင်းနစ် ဖက်ဒရေးရှင်း (အိုင်တီအက်ဖ်) က သူ့ရဲ့ မူးယစ်ဆေးဝါး စစ်ဆေးမှု ရလဒ်တွေကို ထုတ်ဝေနိုင် တယ်လို့ ကမ္ဘာ့ အဆင့် ၅ တင်းနစ် သမား ရာဖေး နာဒယ်က ပြောပါတယ်။
ဆေးသုံး တယ်လို့ စွပ်စွဲ ထားတဲ့ ပြင်သစ် အစိုးရ ၀န်ကြီးဟောင်း တဦးကို နာဒယ်က တရားစွဲ ထားတာ ဖြစ်ပါတယ်။
ရာဖေးရဲ့ အိုင်တီအက်ဖ်ကိုပေးတဲ့ စာမှာတော့ လူတွေက အထောက်အထားမရှိဘဲ မပြောဆိုသင့်သလို သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ မူးယစ်ဆေးသုံးစွဲတဲ့ စစ်ဆေးချက်တွေကို လူသိရှင်ကြား ထုတ်ဖော်ဖို့ တောင်းဆိုထားပါတယ်။
၁၄ ကြိမ်မြောက် ဂရင်းစလင်း ချန်ပီယံက မူးယစ်ဆေးဝါးစစ်ဆေးမှု တခါမှ မအောင်မြင်တာ မရှိဘူးလို့ အိုင်တီအက်ဖ်က ပြောပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/147039





No comments:
Post a Comment