
အင်္ဂလန် ပရီးမီးယား လိဂ်က တော့တင်ဟမ် ဟော့စပါး အလယ်တန်းလူ ဒဲလီ အလီကို အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က အကြမ်းဖက် အပြုအမူ အတွက် စွဲဆို လိုက်ပါတယ်။
အကြမ်းဖက် အပြုအမူ အတွက် ပွဲပယ်ပြစ်ဒဏ် ၃ ပွဲ ချမှတ်လေ့ ရှိတာကြောင့် အလီဟာ စပါးအသင်းရဲ့ ရာသီ လက်ကျန်ပွဲစဉ်တွေကို လွဲချော်ဖွယ် ရှိနေပါတယ်။
ဧပြီ ၂၅ ရက် ၀က်စ်ဘရွန်းအသင်းနဲ့ သရေကျတဲ့ပွဲမှာ အလီက ကလော်ဒီယို ယာကော့ကို ထိုးကြိတ်ခဲ့တာ ရုပ်သံဖိုင်မှာ မှတ်တမ်းတင်ထားပါတယ်။
ဒီဖြစ်ရပ်ဟာ ဒိုင်လူကြီးမှတ်တမ်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ အလီကတော့ ဒီဖြစ်ရပ်အပေါ် ဧပြီ ၂၇ ရက်နေ့အထိ တုံ့ပြန်ခွင့် ရရှိထားပါတယ်။
ပထမပိုင်း ပွဲချိန် ၂၆ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့ခြင်း မရှိပေမယ့် တချို့ပြိုင်ဘက်တွေက လှောင်ပြောင်ဖို့ ကြိုးစားတာတော့ ရှိတယ်လို့ စပါးနည်းပြက ပြောပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/147013





No comments:
Post a Comment