
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ် အဖြစ် မန်စီးတီးနဲ့ ရီးရဲလ် မက်ဒရစ်တို့ ဧပြီ ၂၆ ရက်ညက ယှဉ်ပြိုင် ကစားရာ တဘက်နဲ့ တဘက် ဂိုးမသွင်းနိုင်ဘဲ သရေကျ သွားပါတယ်။
အဝေးကွင်းမှာ ကစားရတဲ့ ဒီပွဲစဉ်မှာ ရီးရဲလ်အသင်းဟာ အားထားရတဲ့ တိုက်စစ်မှူး ရော်နယ်ဒို ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့အတွက်လည်း တိုက်စစ်ပိုင်း အားနည်းခဲ့ရပါတယ်။
ဒီပွဲမှာ ရီးရဲလ်ရဲ့ အပိုင်ဂိုးသွင်းချက်တချို့ကို မန်စီးတီးဂိုးသမား ဂျိုးဟတ် ကာကွယ်ပေးနိုင်ခဲ့သလို ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။
ရီးရဲလ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီးရယူနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ သွင်းယူနိုင်ခြင်းမရှိလို့ ဂိုးမရှိသရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။
ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် မေလ ၅ ရက်နေ့ကျရင် ရီးရဲလ်ကွင်းမှာ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/146992





No comments:
Post a Comment