မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, July 21, 2016

ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပေါ့ဘာကို မန်ယူ ခေါ်




အီတလီ စီးရီးအေ ဂျူဗင်တပ် အသင်းက ကွင်းလယ် ကစားသမား ပေါ့ဘာကို ယူရို သန်း ၁၁၀ နဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းက ခေါ်ယူ လိုက်ပြီလို့ အားကစား သတင်းဌာန goal.com က ဖော်ပြ ပါတယ်။

ဒီပြောင်းရွှေ့ဈေးနှုန်းဟာ ၂၀၁၃ ခုနှစ် ရီးရဲလ် မက်ဒရစ်အသင်းက ဂါရတ်ဘေးလ်ကို ခေါ်ယူခဲ့တဲ့ ယူရို သန်း ၁၀၀ ကို ကျော်လွန် ခဲ့ပြီး ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်လာ ခဲ့ပါတယ်။

ပေါ့ဘာကို ခေါ်ယူဖို့အတွက် ဇူလိုင် ၂၀ ရက်က ၂ ဘက်အသင်း တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြသလို မန်ယူနဲ့ ၅ နှစ်သက်တမ်း စာချုပ် ချုပ်ဆိုမယ်လို့လည်း သတင်းက ရေးပါတယ်။

နိုင်ငံတကာ အားကစားသတင်းတွေက ဒီအပြောင်းအရွှေ့သတင်းကို အတည်ပြု ဖော်ပြနေကြပေမယ့် ကာယကံရှင်နဲ့ ကလပ် ၂ သင်းကတော့ အတည်ပြုကြေညာတာ မရှိသေးပါဘူး။

အတည်ဖြစ်ခဲ့ရင်တော့ ပေါ့ဘာဟာ မန်ယူက ဒီနှစ်အတွက် ၄ ဦးမြောက်ခေါ်ယူတဲ့ ကစားသမားလည်း ဖြစ်လာမှာပါ။

ပေါ့ဘာဟာ မန်ယူ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတဦးဖြစ်ပြီး မန်ယူအသင်းမှာ နေရာမရခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းကို ၂၀၁၂ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့သလို ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ်ကွင်းလယ်လူ ဖြစ်လာတာကြောင့် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မန်ယူက ပြန်လည်ခေါ်ယူခဲ့တာပါ။

မန်ယူအသင်းဟာ ဒီရာသီမှာ နည်းပြသစ်အဖြစ် မော်ရင်ဟိုကို ခန့်အပ်ထားပြီး အိုင်ဗရီကို့စ် ကစားသမား အဲရစ်ဘိုင်လီ၊ ပီအက်စ်ဂျီက အီဗရာဟီမိုဗစ်နဲ့ အာမေးနီးယားအသင်းက ဟဲရစ် အမ်ခီတာယန်တို့ကိုလည်း ၀ယ်ယူထားပါတယ်။

ဓာတ်ပုံ - Getty Images

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160169

No comments:

Post a Comment