မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, July 21, 2016

ရုရှား ပြေးခုန်ပစ်ကစားသမားများကို အိုလံပစ် ပြိုင်ပွဲ ၀င်ခွင့်ပိတ်




၂၀၁၆ ဘရာဇီးလ် နိုင်ငံ ရီယို ဒီဂျေးနေယိုမှာ ကျင်းပမယ့် အိုလံပစ် ပြိုင်ပွဲကို ရုရှား အားကစား သမားတွေ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

အားကစား ပြိုင်ပွဲတွေမှာ ရုရှား အစိုးရက ထောက်ခံချက် ပေးတဲ့ မူးယစ်ဆေး သုံးစွဲမှု စွပ်စွဲ ချက်တွေနဲ့ ပတ်သက်ပြီး အိုလံပစ် ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင် ခွင့်ကို တားမြစ်ဖို့ ဆုံးဖြတ် ချက်ကို အားကစား ခုံသမာဓိရုံးက ထောက်ခံ ခဲ့ပါတယ်။

ရုရှား အိုလံပစ်ကော်မတီနဲ့ ပြေးခုန်ပစ် အားကစား သမားတွေက ယှဉ်ပြိုင်ခွင့် ရရှိရေး အတွက် ဆုံးဖြတ်ချက်ကို အယူခံ ၀င်ခဲ့ပေမယ့် ၂ ဖက် သက်သေ အထောက် အထားတွေကို စစ်ဆေးပြီး ခုံသမာဓိရုံးက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ အစီရင်ခံစာက ရုရှားပြေးခုန်ပစ်အားကစားသမားတွေ ဆေးသုံးတယ်ဆိုတာကို တွေ့ရှိခဲ့ရပြီး ရုရှား ပြေးခုန်ပစ် ဖယ်ဒရေးရှင်း ကိုလည်း နိုင်ငံတကာ
ပြေးခုန်ပစ် ဖက်ဒရေးရှင်းက ဆိုင်းငံ့ ထားပါတယ်။

ဒါအပြင် နိုင်ငံတကာ အိုလံပစ်ကော်မတီကလည်း ရုရှားပြေးခုန်ပစ်ကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲကနေ တားမြစ်ဖို့ သီးခြားတောင်းဆိုချက်ကို စဉ်းစားနေတယ် လို့လည်း ဆိုပါတယ်။

ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160183

No comments:

Post a Comment