
မိုရာတာကို ခေါ်ယူဖို့ အဆင် မပြေဖြစ် နေတဲ့ ချဲလ်ဆီး အသင်းဟာ အဲဗာတန် တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ပစ်မှတ် ထားနေ ပါတယ်။
စပိန် တိုက်စစ်မှူး မိုရာတာဟာ စာချုပ်ပါ အချက် အလက်တွေ အရ ဂျူဗပ်တပ် အသင်းကနေ ရီးရဲလ် အသင်းဆီ ပေါင် ၂၃ သန်းနဲ့ ပြန်လည် ရောက်ရှိ နေတာ ဖြစ်ပါတယ်။
မိုရာတာအတွက် ချဲလ်ဆီးအသင်းက ကနဦးကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရသလို ပေါင် ၆၂ ဒသမ ၇ သန်းနဲ့ ကမ်းလှမ်းမှုကိုလည်း ရီးရဲလ်အသင်းက ပယ်ချထားပါတယ်။
ဒါကြောင့် အဲဗာတန်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ပစ်မှတ်ထားလာတာပါ။
အသက် ၂၃ နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူဟာ ချဲလ်ဆီးကစားသမားဟောင်းတဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်က အဲဗာတန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပါ။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160234

No comments:
Post a Comment