
လီဗာပူး အသင်းဟာ နယူး ကာဆယ် အသင်း ကွင်းလယ်လူ ၀ီလ်နယ်ဒမ်ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ သဘော တူညီမှု ရခဲ့ ပါတယ်။
နယ်သာလန် လက်ရွေးစင် ၀ီလ်နယ်ဒမ်ဟာ ပြီးခဲ့တဲ့ ရာသီက နယူး ကာဆယ် အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၁၁ ဂိုး သွင်းကာ ၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင် ခဲ့ပါတယ်။
ဒါပေမယ့် နယူး ကာဆယ် အသင်း တန်းဆင်းခဲ့ရတဲ့ အတွက် အသင်းမှာ ဆက်ရှိဖို့ မရေမရာ ဖြစ်လာတာပါ။
ဝီလ်နယ်ဒမ်ကို စပါး အသင်းကလည်း ခေါ်ယူဖို့ ကြိုးစား ခဲ့ပေမယ့် လီဗာပူးအသင်းက လက်ဦးမှု ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။
ဝီလ်နယ်ဒမ်ဟာ လက်ရှိအချိန်မှာ နယူးကာဆယ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲတွေ ကစားနေပြီး တပတ်အတွင်း အပြီးသတ် စာချုပ်ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160248

No comments:
Post a Comment