
အာဂျင်တီးနား လက်ရွေးစင်နဲ့ ဘာစီလိုနာ အသင်း တိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ အမြင်နဲ့ ကြည့်ရင် မဖြစ်နိုင်ဘူး ထင်တဲ့ သွင်းဂိုး ၁၀ ဂိုးကို ယူကျုမှာ စုစည်း ထားပါတယ်။
အမြင်အာရုံ အရရော Play Station ဂိမ်းမှာရော သွင်းလို့ မရနိုင်တဲ့ ဂိုးများ ဆိုပြီး မှော်ဆန်သော မက်ဆီဆိုတဲ့ ယူကျု အကောင့်က စုစည်း တင်ဆက် ထားတာ ဖြစ်ပါတယ်။
ဒီအထဲမှာ ဘောလုံးကို အနီးကပ် ဝေ့၀ိုက် ကန်ပြီး သွင်းယူ သွားတဲ့ ၂၀၁၄-၁၅ အယ်လ်မားရီးယား ကလပ်နဲ့ ပွဲမှာ သွင်းယူတဲ့ ဂိုးနဲ့ စတင်ပြီး ရုပ်သံဖိုင်မှာ ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီသွင်းဂိုး တွေဟာ ဘာစီလိုနာ အသင်းအတွက် သွင်းယူပေးတဲ့ ဂိုးတွေ ပါသလို အာဂျင်တီးနား အတွက် သွင်းယူတဲ့ ဂိုးတွေလည်း ပါဝင်နေပါတယ်။
ဒါ့အပြင် ၂၀၀၆-၀၇ ခုနှစ်က သွင်းယူတဲ့ ဂိုးတွေလည်း စုစည်းထားတဲ့ အထဲမှာ ပါဝင်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160283





No comments:
Post a Comment