
ဘော်တန်မှ အသက် (၂၀) အရွယ်လူငယ် နောက်တန်းလူ ရော့ဘ် ဟိုးလ်ဒင်းအား နှစ်ရှည် စာချုပ်ဖြင့် ခေါ်ယူ လိုက်သည်ဟု အာဆင်နယ် အသင်းက ကြေညာ သည်။
ဟိုးလ်ဒင်းသည် ပြီးခဲ့သည့် ဘောလုံး ရာသီက ဘော်တန်၏ တစ်နှစ်တာ အကောင်းဆုံး ကစား သမားဆု ရရှိခဲ့ပြီး နွေရာသီက အင်္ဂလန် ယူ-၂၁ အသင်းနှင့်လည်း တူလွန် နိုင်ငံတကာ ပြိုင်ပွဲအနိုင်ရ ရှိခဲ့သည်။
ဟိုးလ်ဒင်းသည် ဘော်တန် အတွက် ၎င်း၏ ပထမဆုံးရာသီမှာ ပင် ပွဲပေါင်း ၃၀ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ကာ အကောင်းဆုံး ကစားသမားဆုရရှိခဲ့ပြီးနောက် အာစင်ဝင်းဂါးက ၎င်းကိုနှစ်ရှည်စာချုပ်ဖြင့် ခေါ်ယူခြင်းဖြစ် သည်။
ထိုအတောအတွင်း လီဗာပူးမန်နေဂျာ ဂျာဂန်ကလော့ပ်က အော့စ်ဘတ်အသင်းမှ ထွက်ခွာ လာသော ၀ါရင့်ဂိုးသမား မန်နင်ဂျာကို ခေါ်ယူလိုက်သည်။
မန်နင်ဂျာသည် ရာသီအ ကြိုကာလတွင် လီဗာပူးအသင်း သို့ လာရောက်လေ့ကျင့်နေခဲ့ပြီး လက်ရှိပွဲထွက်ဂိုးသမား မစ်နို လက်နှင့် အသစ်ခေါ်ယူ ထား သော လောရစ် ကာရီယပ်စ်တို့နှင့် နေရာရရန် ယှဉ်ပြိုင်ရမည်ဖြစ် သည်။
—Ref:Goal
Originally published at - http://www.7daydaily.com/story/70925

No comments:
Post a Comment