မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, July 23, 2016

ဒေါ့မွန်ကို စိတ်ပျက်ဖွယ် ခြေစွမ်းဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် မော်ရင်ဟို၏ မန်ယူ (ရုပ်သံဟိုက်လိုက်)




ဇူလိုင် ၂၂ ရက်နေ့က ယှဉ်ပြိုင် ကစား ခဲ့တဲ့ ဥရောပက ထိပ်သီး ကလပ်တွေ ပါဝင်တဲ့ International Champions Cup ပြိုင်ပွဲမှာ အင်္ဂလန် ပရီးမီးယား လိဂ်က မန်ချက်စတာ ယူနိုက်တက်က ဂျာမနီ ဘွန်ဒစ် လီဂါက ဒေါ့မွန် အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့် သွားပါတယ်။

ဘိုင်ယန်အသင်း အတွက် ဂိုးတွေကို ဂွန်ဇာလို ကတ်ထရိုက ၂ ဂိုး၊ ဒမ်ဘီလီက ၁ ဂိုးနဲ့ အဘာမီယန်က ၁ ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ယူအတွက် နှစ်သိမ့်ဂိုးကိုတော့ အသစ်ခေါ်ယူထားတဲ့ အမ်ခီတာယန်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းမှာ ဒေါ့မွန်အသင်းက ၂ ဂိုးသွင်းပြီးပွဲကို ဦးဆောင်ခဲ့ပါတယ်။ ပထမပိုင်း ပွဲပြီးခါနီးမှာလည်း အဘာမီယန်က ဂိုးသွင်းဖို့ အခွင့်အရေးတွေ ထပ်မံရရှိခဲ့ပေမယ့် ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်း အစမှာတော့ မန်ယူအသင်းကစားပုံပိုကောင်းခဲ့ပေမယ့်လည်း ၅၈ မိနစ်မှာ ဒေါ့မွန်အသင်းက တတိယဂိုးကို သွင်းယူပါတယ်။ ဒါပေမယ့် ၁ မိနစ်အကြာမှာပဲ မန်ယူက တဂိုးသွင်းယူသွားပါတယ်။

ဒုတိယပိုင်း ၈၇ မိနစ်မှာတော့ ဒေါ့မွန်အသင်းက စတုတ္ထဂိုးသွင်းယူခဲ့လို့ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာဖြစ်ပါတယ်။

ဒေါ့မွန်ကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း စိုးရိမ်ပူပန်မှုမရှိတဲ့အကြောင်း နည်းပြ မော်ရင်ဟိုက ပြီးအပြီးမှာ ပြောဆိုပါတယ်။

ပြိုင်ပွဲဟာ နိုင်ငံပေါင်း ၇ နိုင်ငံမှာ ဒေသအလိုက် ခေါင်းစဉ် ၃ ခု ခွဲကျင်းပတာ ဖြစ်ပြီး ဖလား ၃ လုံးချီးမြင့်သွားမှာ ဖြစ်သလို ဥရောပထိပ်သီးကလပ် ၁၆ သင်းနဲ့ သြစတြေးလျကလပ် မဲလ်ဘုန်းဗစ်ထရီအသင်းတို့ ပါဝင်နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ မန်ယူ၊ မန်စီးတီး၊ ဒေါ့မွန်တို့ အုပ်စုက ပထမဆုံးစတင်ကစားခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင် ၂၅ ရက်မှာတော့ မန်ယူအသင်းဟာ နောက်တပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ကစားဖို့ ရှိနေပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/160363

No comments:

Post a Comment