
မန်ချက်စတာ ယူနိုက်တက် အသင်းက နောက်တန်း သမား ဗာရီလာကို ဂျာမန် ကလပ် ဖရန့်ဖတ် အသင်းဆီ အငှားချ ထားလိုက် ပါတယ်။
အသက် ၂၃ နှစ် အရွယ် နောက်တန်း သမား ဗာရီလာကို လာမယ့် တရာသီ အတွက် အငှား ချလိုက်တာ ဖြစ်ပါတယ်။
ဥရုဂွေး နောက်တန်း သမားဟာ ၂၀၁၃ မှာ မန်ယူကို ရောက်ရှိ လာတာပါ။ ညာ နောက်တန်းသမား ဗာရီလာဟာ ပြီးခဲ့တဲ့ ရာသီ ဒီဇင်ဘာလထဲမှာ မန်ယူ အတွက် ပွဲဦးထွက် ကစားခဲ့ပြီး စုစုပေါင်း ၁၀ ပွဲပဲ ကစားခွင့် ရထား ပါတယ်။
သူဟာ နည်းပြသစ် မော်ရင်ဟို လက်ထက် ပထမဆုံး ပွဲဖြစ်တဲ့ ၀ီဂန်ကို အနိုင်ရတဲ့ ပွဲမှာ လူစား ၀င်ရောက် ကစား ထားပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/160486





No comments:
Post a Comment