![]() |
razil's Neymar celebrates his goal against Croatia during their 2014 World Cup opening match at the Corinthians arena in Sao Paulo June 12, 2014. REUTERS/Damir Sagolj |
ဘရာဇီးလ် တိုက်စစ်မှူး နေမာက အိုလံပစ် ပွဲတော်မှာ သူ့နိုင်ငံ အသင်း ရွှေတံဆိပ်ရဖို့ မျှော်မှန်း တယ်လို့ ပြောပါတယ်။
ဘရာဇီးလ်မှာ ကစားရတာ မလွယ်တာ မှန်ပေမ့ယ် သမိုင်းတွင်တဲ့ အောင်မြင်မှု တခုကို ဖန်တီးနိုင်မယ့် အခွင့် အလမ်း ရှိတယ်လို့ နေမာက ပြောပါတယ်။
ဘရာဇီးလ် အသင်းဟာ အရင်လတုန်းက ကျင်းပခဲ့တဲ့ ကိုပါအမေရိကားဖလားမှာ အုပ်စု အဆင့်ကနေ ထွက်ခဲ့ရပြီးနောက် အခုတော့ နည်းပြသစ်က ကိုင်တွယ်နေပါတယ်။
ဘရာဇီးလ် အသင်းသားတွေဟာ ၂၀၁၄ ကမ္ဘာ့ဖလား တုန်းက အိမ်ရှင် အသင်းဖြစ်ပြီး ဂျာမနီကို ၇ ဂိုး၊ ၁ ဂိုးနဲ့ ရုပ်ပျက်ဆင်းပျက် ရှုံးခဲ့တဲ့ အိပ်မက်ဆိုး ကနေ ပြန်လည် ရုန်းထွက်နိုင်မယ့် အခွင့်အရေး ကိုလည်း မျှော်လင့်နေကြပါတယ်။
ရီယိုမြို့မှာ သြဂုတ်လ ၅ ရက်နေ့ စတင်မယ့် အိုလံပစ် အားကစားပွဲမတိုင်ခင် တရက်၊ သြဂုတ်လ ၄ ရက်နေ့ကျရင် အိမ်ရှင် ဘရာဇီးလ်အသင်းဟာ တောင်အာဖရိက အသင်းနဲ့ အုပ်စု အေမှာ ပွဲဦးထွက်ကစားရမှာဖြစ်ပြီး အီရတ်၊ ဒိန်းမတ်တို့နဲ့ နောက်ပွဲတွေ ဆက်ကစားရဖို့ ရှိပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/160504

No comments:
Post a Comment