
အမေရိကန် နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ချန်ပီယံ ဖလား ပြိုင်ပွဲ အဖြစ် အီတလီ ကလပ် အင်တာမီလန်နဲ့ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီတို့ ဇူလိုင် ၂၅ ရက် မနက် အစောပိုင်းက ယှဉ်ပြိုင်ရာ ပီအက်စ်ဂျီက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ပွဲချိန် ၁၄ မိနစ်မှာ ပီအက်စ်ဂျီအတွက် Serge Aurier က အဖွင့်ဂိုးသွင်းယူပြီး ပထမပိုင်း ပြီးခါနီးမှာ အင်တာတိုက်စစ်မှူး ဂျိုဗီတစ် (Stevan Jovetic) က ပယ်နယ်တီမှ တဆင့် ချေပဂိုး သွင်းယူပေး ခဲ့ပါတယ်။
ပီအက်စ်ဂျီအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၆၁ မိနစ်မှာ Lavyin Kurzawa နဲ့ ၈၇ မိနစ်မှာ Serge Aurier တို့က ထပ်မံသွင်းယူပြီး ပွဲအပြီးမှာ ပီအက်စ်ဂျီက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
ဒီ နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲဟာ ကလပ်အသင်းတွေရဲ့ အမှတ်ပေးတွေပွဲမစမီ ရာသီကြို ခြေသွေးတဲ့အနေနဲ့ ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160615

No comments:
Post a Comment