
အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ် ကစားသမား ပေါလ် ပေါ့ဘာကို ပေါင် သန်း ၁၀၀ အသုံးပြုပြီး အပြီးသတ် ၀ယ်ယူဖို့ ကြိုးစား aနပါတယ်။
ဝယ်ယူ ဖြစ်မယ် ဆိုရင်တော့ ပေါင် ၉၂ သန်းကို အပြောင်း အရွှေ့ကြေး အနေနဲ့ ဂျူဗင်တပ်ကို ပေးရမှာ ဖြစ်ပြီး အပြီးသတ် စာချုပ် အတွက် ကစား သမားရဲ့ ကိုယ်စားလှယ် မီနိုရိုင် အိုလာကို ပေါင် ၁၈ ဒသမ ၄ သန်း ပေးရမှာ ဖြစ်ပါတယ်။
ဇူလိုင် ၂၀ ရက် မှာတော့ မန်ယူက ဒုတိယ အကြိမ် ကမ်းလှမ်း ခဲ့ပြီး ပထမ အကြိမ် ကမ်းလှမ်း စဉ်က ပေါင် ၈၇ သန်းနဲ့ ကမ်းလှမ်း ခဲ့ပေမယ့် ငြင်းပယ် ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိစာချုပ်ကတော့ ဂျူဗင်တပ်ကတောင်းဆိုတဲ့ မီနိုရိုင်အိုလာအတွက် ပေါင် ၁၈ ဒသမ ၄ သန်းကို မန်ယူက ပေးရေးအပေါ်မှာ မူတည်နေတယ်လို့ ဗြိတိန် ဂါးဒီးယန်းသတင်းက ရေးပါတယ်။
အစောပိုင်းမှာတော့ ဂျူဗင်တပ်က မီနိုရိုင်အိုလာကို ကိုယ်စားလှယ်ကြေး တ၀က်ပေးမယ်လို့ သဘောတူခဲ့ပေမယ့် စာချုပ်အပြီးသတ်ချုပ်ဆိုဖြစ်ခဲ့ရင် အားလုံးကို မန်ယူကပေးဖို့ ဂျူဗီက တောင်းဆိုထားတာ ဖြစ်ပါတယ်။
မန်ယူက ပေါ့ဘာရဲ့ စီးပွားရေးကြော်ငြာနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်ကိုပါ ၀ယ်ယူဖို့ သဘောတူညီခဲ့သလို ပေါ့ဘာကို တပတ်လုပ်ခ ပေါင် ၂ သိန်း ၉ သောင်းနဲ့ တရာသီ ပေါင် ၄ ဒသမ ၂ သန်းပေးဖို့ သဘောတူညီထားပါတယ်။
ဇူလိုင် ၂၀ ရက်မှာလည်း ရီးရဲလ်မက်ဒရစ်က ပေါ့ဘာကို ကြားဖြတ်ဝယ်ယူဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
လက်ရှိမှာတော့ မန်ယူက တရုတ်ကို ရောက်ရှိနေပြီး ဇူလိုင် ၂၂ ရက်မှာ ဂျာမနီ ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်၊ ဇူလိုင် ၂၅ ရက်မှာ မန်ချက်စတာစီးတီး အသင်းတွေနဲ့ ကစားဖို့ ရှိနေပါတယ်။
မန်ယူအသင်းဟာ လက်ရှိ အိုင်ဗရီကို့စ် ကစားသမား အဲရစ်ဘိုင်လီ၊ ပီအက်စ်ဂျီက ဇာလက်တန် အီဗရာဟီမိုဗစ်နဲ့ အာမေးနီးယားအသင်းက ဟဲရစ် အမ်ခီတာယန်တို့ကို ၀ယ်ယူထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160134

No comments:
Post a Comment