
လာမယ့် ဘောလုံး ရာသီ မစမှီ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ပြီး နိုင်ပွဲ ဆက်နေတဲ့ လီဗာပူး အသင်းဟာ ဇူလိုင် ၂၀ ရက်က အင်္ဂလန် ချန်ပီယံရှစ် ကလပ် ဟတ်ဒါစ်ဖီးလ်ဒ်တောင်း အသင်းနဲ့ ယှဉ်ပြိုင် ရာမှာလည်း ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
လီဗာပူးအသင်းဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ပေးဂိုးမရှိဘဲ ဂိုးပြတ်တွေနဲ့ အနိုင်ယူထားတာပါ။
ဒီပွဲမှာ လီဗာပူးအသင်းဟာ ဖာမီနို၊ ကော်တင်ဟို၊ မာနီ၊ လိုဗရန်၊ လူးကပ်စ်၊ မိုရီနို အစရှိတဲ့ အဓိက ကစားသမား အများစု ပွဲထုတ်ယှဉ်ပြိုင်ခဲ့ပါတယ်။
လီဗာပူးအတွက် အနိုင်ဂိုးတွေကို ၃၂ မိနစ်မှာ ဂရူဂျစ်၊ မိနစ် ၉၀ မှာ မိုရီနိုတို့က သွင်းယူပေးခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160124

No comments:
Post a Comment