
ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် မစတင်မှီ ခြေစမ်းပွဲ အဖြစ် ဇူလိုင် ၂၀ ရက်က သြစတြီးယား ကလပ် ၀ုဖ်စ်ဘာဂါ အေစီ အသင်းနဲ့ ယှဉ်ပြိုင်ရာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ဒါဟာ နည်းပြသစ် ကွန်တီ လက်ထက် ချဲလ်ဆီး အသင်းအတွက် ရာသီ ကြိုပြင်ဆင်မှု ဒုတိယမြောက် ခြေစမ်း ပွဲစဉ်ပါ။
နည်းပြသစ် ကွန်တီဟာ ချဲလ်ဆီး အသင်းနဲ့ ပထမဆုံး ပွဲထွက် ခဲ့တဲ့ ခြေစမ်း ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အတွက် ဒီပွဲစဉ်ကို သေချာ ပြင်ဆင် ခဲ့ပြီး တယ်ရီ၊ အိုင်ဗန်နိုဗစ်၊ ကော့စတာ၊ မာတစ်၊ ၀ီလျံ၊ အော်စကာ စတဲ့ အမာခံ ကစားသမားတွေကို ထုတ်သုံး သွားခဲ့ပါတယ်။
ချဲလ်ဆီး အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၄၁ မိနစ်မှာ ၀ီလျံရဲ့ ဖြတ်တင် ဘောကို ထရာအိုရီက ပိတ်သွင်းပြီး ရယူပေး ခဲ့တာပါ။
အဲဒီနောက် ပွဲချိန် ၈၄ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် လော့ဖ်တပ်စ်ချိခ်က ခေါင်းတိုက်ပြီး ချဲလ်ဆီးအတွက် ဒုတိယဂိုး၊ မိနစ်၉၀ မှာ ချာလိုဘာက ဂိုးဧရိယာတွင်းက အပြင်းကန်သွင်းပြီး တတိယဂိုး ရယူပေးခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီးက ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160112

No comments:
Post a Comment