
ဘောလုံးရာသီ အသစ် မစတင်မှီ ရာသီကြို ခြေစမ်းပွဲ အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့ ဇူလိုင် ၂၀ ရက်က ယှဉ်ပြိုင်ရာ ဘိုင်ယန် မြူးနစ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
မန်စီးတီး နည်းပြသစ် ဂွါဒီယိုလာရဲ့ ပထမဆုံး ပွဲစဉ်မှာ အသင်းဟောင်းနဲ့ ရင်ဆိုင်ပြီး ရှုံးနိမ့် သွားတာလည်း ဖြစ်ပါတယ်။
နှစ်သင်း စလုံးမှာ နာမည်ကြီး ကစားသမား အများစု မပါဝင်ဘဲ လူငယ်တွေ အရန် ကစားသမားတွေနဲ့ ပွဲထုတ် ယှဉ်ပြိုင် သွားကြတာပါ။
ပွဲချိန် ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်ရဲ့ အပိုင် ကန်သွင်းချက် တချို့ကို မန်စီးတီး ဂိုးသမား ကာကွယ်နိုင်ခဲ့ လို့လည်း မန်စီးတီး အရှုံး သက်သာ ခဲ့တာပါ။
ပွဲချိန် ၇၆ မိနစ်မှာ မန်စီးတီး နောက်တန်းက ရှင်းထုတ် လိုက်တဲ့ ဘောလုံး ဒိုင်လူကြီးနဲ့ ထိပြီး ဘိုင်ယန်မြူးနစ် ကစားသမားဆီ ရောက်ရှိ သွားရာက အပြင်း ကန်သွင်းပြီး ဘိုင်ယန် အနိုင်ဂိုး ရရှိ သွားတာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160096

No comments:
Post a Comment