မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, June 25, 2017

မန်ယူ တိုက်စစ်မှူး မာရှယ်ကို အာဆင်နယ် ကမ်းလှမ်းဖွယ် ရှိ




မန်ယူ အသင်းမှာ မော်ရင်ဟို လက်ထက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန် နေရတဲ့ တိုက်စစ်မှူး မာရှယ်ကို အာဆင်နယ် အသင်း ခေါ်ယူဖွယ် ရှိနေကြောင်း သိရပါတယ်။

အာဆင်နယ် အသင်းရဲ့ တိုက်စစ် အင်အား ဖြည့်တင်း ရာမှာ နည်းပြ အာစင် ဝင်းဂါးက မိုနာကို လူငယ် တိုက်စစ်မှူး ဘက်ပေးကို ခေါ်ယူဖို့ စိတ်အား ထက် သန်လျှက် ရှိပေမယ့် ရီးရဲလ် မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့လို ဘဏ္ဍာရေး တောင့်တင်းတဲ့ အသင်းတွေ ရှိနေတာကြောင့် အခက်ကြုံနေ ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်း အနေနဲ့ ဘက်ပေးကို မရနိုင်တော့ဘူးဆိုရင် ဒုတိယဦးစားပေးအနေနဲ့ မန်ယူအသင်းတိုက်စစ်မှူး မာရှယ်ကို ပေါင်သန်း ၄၀ ခန့် အသုံးပြု ပြီးခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။။

ဒါပေမယ့် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးနဲ့ မော်ရင်ဟိုကြားမှာ ကစားသမားအရောင်းအဝယ် ဖြစ်ခဲ့တဲ့ သမိုင်းကြောင်း ရှိမနေတာက စိုးရိမ်စရာဖြစ်ပါတယ်။

ဒီနည်းပြနှစ်ဦးရဲ့ တင်းမာမှုကြောင့် သူတို့နှစ်ဦးကြား ကစားသမားအရောင်းအဝယ် လုပ်လေ့မရှိပါဘူး။ မာရှယ်ကို ကမ်းလှမ်းဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အာဆင်နယ် အသင်းအနေနဲ့ မန်ယူအသင်းဘုတ်အဖွဲ့ကို တိုက်ရိုက်ဆက်သွယ်ရဖွယ်ရှိနေပါတယ်။

တိုက်စစ်မှူးဟောင်း အွန်နရီလက်သစ်ဖြစ်လာနိုင်တယ်လို့ အာစင်ဝင်းဂါး ယုံကြည်ထားတဲ့ အမ်ဘက်ပေးဟာ ၁၈ နှစ်သာရှိသေးပြီး ခြေစွမ်းပြနေတာကြောင့် ပြောင်းရွှေ့ကြေးက ပေါင်သန်း ၁၀၀ အထက်မှာ ရှိနေမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ အချက်ကလည်း တိုက်စစ်မှူး ဘက်ပေးကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အဓိကအားနည်းချက် ဖြစ်နေပါတယ်။

တိုက်စစ်မှူးမာရှယ်ဟာ မော်ရင်ဟိုလက်ထက်မှာ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ တစ်ဝက်တောင် ပွဲထွက်ခွင့်မရထားသူဖြစ်ပါတယ်။

လက်ရှိမန်ယူအသင်းခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အင်တာမီလန်က ပီရီဆစ် ရောက်လာခဲ့ပြီဆိုရင် မာရှယ်က အသင်းမပြောင်းဖြစ်ခဲ့ရင်တောင် ပွဲထွက်ခွင့်ဟာ အကန့်အသတ်နဲ့ ပိုဖြစ်လာမှာ ဖြစ်ပါတယ်။

Source : Daily Mail

From : Duwun by KK

Originally published at - http://www.duwun.com.mm

No comments:

Post a Comment