
ယူရိုပါလိဂ် အုပ်စု အေ အဖွင့် ပွဲစဉ် အဖြစ် နယ်သာလန် ကလပ် ဖီယင်နုနဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာ ယူနိုက်တက်တို့ စက်တင်ဘာ ၁၅ ရက်ညက ယှဉ်ပြိုင်ရာ ဖီယင်နုက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲမှာ မန်ယူဟာ အသင်းခေါင်းဆောင် ရွန်နီကို အနားပေးခဲ့ပြီး ရှေ့တန်းမှာ ရပ်ရှ်ဖို့ဒ်ကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုသွားပြီး အီဘရာဟီမိုဗစ်ကိုတော့ ဒုတိယပိုင်းကျမှ လူစားလဲ အသုံးပြုခဲ့ပါတယ်။
မန်ယူဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်ခွင့်နဲ့ ထိုးဖောက်ကန်သွင်းခွင့်တွေမှာ အသာစီး ရယူနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ မရခဲ့ပါဘူး။
ပွဲချိန် ပထမပိုင်းမှာ မန်ယူတိုက်စစ်မှူး မာရှယ်ရဲ့ အနီးကပ်ကန်သွင်းချက် လွဲချော်ခဲ့တဲ့အတွက်လည်း မန်ယူ နစ်နာခဲ့ရပါတယ်။
ဖီယင်နုအတွက် အနိုင်ဂိုးကို ပွဲချိန် ၇၉ မိနစ်မှာ တိုနီ ဗီလ်ဟီနာ (Tonny Vilhena) က သွင်းယူပေးခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/168474





No comments:
Post a Comment