မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, September 16, 2016

ချက်ကလပ် စပါတာပရပ်ဂ်ကို ဆောက်သမ်တန် ဂိုးပြတ်အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




ယူရိုပါလိဂ် အုပ်စု ကေ အဖွင့် ပွဲစဉ် အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ဆောက်သမ်တန်နဲ့ ချက်ကလပ် စပါတာ ပရပ်ဂ်တို့ စက်တင်ဘာ ၁၅ ရက်ညက ယှဉ်ပြိုင်ရာ
ဆောက်သမ်တန်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးပွဲမှာ နိုင်ပွဲမရသေးဘဲ ဇယားအောက်ရောက်နေတဲ့ ဆောက်သမ်တန်ဟာ ယူရိုပါလိဂ်မှာတော့ အဖိုးတန်နိုင်ပွဲ ရယူနိုင်ခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာပဲ ဆောက်သမ်တန်တိုက်စစ်မှူး ချာလီ အော်စတင်က ပယ်နယ်တီမှတဆင့် အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ၂၇ မိနစ်မှာလည်း သူကပဲ ဒုတိယဂိုး ထပ်သွင်းပြီး ပထမပိုင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။

ဆောက်သမ်တန်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီး ရယူနိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်အတွက် တတိယဂိုးကိုတော့ ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ဂျေး ရိုဒရီဂွက်ဇ်က သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ ၂ ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ချာလီ အော်စတင်ဟာ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/168484

No comments:

Post a Comment