မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, April 23, 2017

ချဲလ်ဆီးက စပါးစ်ကို ၄-၂ ဂိုးဖြင့် အနိုင်ယူပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲတက်




မနေ့ညက ၀င်ဘာလေ ကွင်းမှာ ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား ဆီမီး ဖိုင်နယ်မှာ ချဲလ်ဆီးက တော့တင်ဟမ် ဟော့စပါးစ်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ချဲလ်ဆီးက ဒီပွဲမှာ တိုက်စစ်မှူး ဟာဇက်၊ ကော်စတာ တို့ကို ပွဲထွက် စာရင်းမှာ မသုံးဘဲ အနားပေး ထားပြီး စပါးစ်က လူစုံထုတ် ယှဉ်ပြိုင် သွားပါတယ်။

လန်ဒန်မြို့ခံ ပြိုက်ဘက်တွေ ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာ ၀ီလျံစ်က ဖရီးကစ်ကနေ တိုက်ရိုက် သွင်းယူပါတယ်။

အဲဒီနောက် ၁၈ မိနစ်လောက်မှာ စပါးစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူပါတယ်။

ပထမပိုင်းပြီးကာနီးမှာ စပါးစ်အသင်းက ဆန်ဟိုင်မင်းရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီ ပေးလိုက်ရပါတယ်။ အဲဒီပင်နယ်တီကို ချဲလ်ဆီးကွင်းလယ်သမား ၀ီလျံစ်က သွင်းယူပါတယ်။ ဒီပွဲမှာ ၀ီလျံစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

စပါးစ်အတွက် ချေပဂိုးကို ၅၂ မိနစ်မှာ အလီက ပြန်လည် သွင်းယူပါတယ်။ ဒီပွဲမှာ စပါးစ်အသင်း ဘောလုံးပို်င်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။

ချဲလ်ဆီး နောက်ပိုင်းမှာ ဟာဇက်၊ ကော်စတာတို့ကို ထုတ်သုံးသွားပါတယ်။ ချဲလ်ဆီးအတွက် တတိယဂိုးကို လူစားဝင်လာတဲ့ တိုက်စစ်မှူး ဟာဇက်က အဝေးကစ်ကနေ သွင်းယူပါတယ်။ အပိတ်ဂိုးကိုတော့ မိနစ် ၈၀ မှာ မာတစ်က သွင်းယူပြီး အနိုင်ရ သွားပါတယ်။

ချဲလ်ဆီးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ အာဆင်နယ် ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/202567


No comments:

Post a Comment