
ဘာစီလိုနာ အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ စပိန် လာလီဂါ ချန်ပီယံဆု အတွက် အဆုံး အဖြတ် ပွဲစဉ် မဟုတ်ဘူးလို့ ရီးရဲလ် မက်ဒရစ် အသင်း နည်းပြ ဇီဒန်းက ပြောဆို လိုက်ပါတယ်။
လာလီဂါ ပွဲစဉ် အဖြစ် ဒီညမှာ ရီးရဲလ် မက်ဒရစ် အသင်းဟာ အိမ်ကွင်းမှာ ဘာစီလိုနာကို ဧည့်ခံ ယှဉ်ပြိုင် ရမှာပါ။
ရီးရဲလ်နည်းပြ ဇီဒန်းကတော့ လက်ကျန် ပွဲ ၇ ပွဲ ကျန်နေသေးတဲအ့တွက် အခုပွဲစဉ် အနိုင်အရှုံးက လာလီဂါဆုဖလားရရေးအတွက် ဆုံးဖြတ်သွားမှာ မဟုတ် ဘူးလို့ ပြောပါတယ်။ လောလောဆယ် အမှတ်ပေးဇယားမှာ ရီးရဲလ်က တပွဲလျော့ ကစားထားပေမယ့်လည်း ၃ မှတ်အသာနဲ့ ဘာစီလိုနာကို ဦးဆောင်နေပါတယ်။
အခုပွဲစဉ်မှာ နိုင်ဖို့ ရေပန်းစားတဲ့အသင်းက ဘာစီလိုနာ ဖြစ်တယ်လို့လည်း ရီးရဲလ်နည်းပြက ဆိုထားပါတယ်။
ဒီညပွဲစဉ်မှာ ရီးရဲလ်က ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ တိုက်စစ်မှူး ဂါးရတ် ဘေးလ်ကို ပွဲထွက် လူစာရင်းမှာ ထည့်သွင်းထားပါတယ်။
ဘာစီလိုနာအသင်းမှာတော့ ပွဲပယ်ခံထားရတဲ့ တိုက်စစ်မှူး နေမာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/202605

No comments:
Post a Comment