
ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူရတော့မယ့် အီဘရာဟီမိုဗစ်ခ်ျကို မန်ယူအသင်းဘက်က စာချုပ်သက်တမ်းထပ်မတိုးဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။
အန်ဒါလက်ခ်ျနဲ့ ယူရိုပါလိဂ်ပွဲမှာ ဒဏ်ရာရသွားခဲ့တာဖြစ်တဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျဟာ အနည်းဆုံး ကိုးလလောက် အနားယူရတော့မှာ ဖြစ်ပါတယ်။
အီဘရာဟီမိုဗစ်ခ်ျနဲ့ မန်ယူအသင်းစာချုပ်က လက်ရှိရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။ မန်ယူအသင်းဘက်က အီဘရာဟီမိုဗစ်ခ်ျကို နောက်ထပ်တစ်ရာသီ စာချုပ်ထပ်တိုးဖို့ ဆန္ဒရှိခဲ့ပေမယ့် အခုတော့ စာချုပ်ထပ်မတိုးဖို့ အသင်းဘက်က ဆုံးဖြတ်လိုက်ပြီလို့ Daily Mirror သတင်းစာ ကဖော်ပြပါတယ်။
အီဘရာဟီမိုဗစ်ခ်ျဟာ မန်ယူအသင်းရဲ့ လက်ကျန်ရာသီပွဲစဉ်တွေအားလုံး လွဲချော်မယ့်အပြင် ၂၀၁၈ ခုနှစ်ဆန်းပိုင်းလောက်မှ ဘောလုံးပြန်လည် ကစားနိုင် တော့မှာဖြစ်ပါတယ်။
အီဘရာဟီမိုဗစ်ခ်ျရဲ့ ကစားသမားဘဝ အဆုံးသတ်မသွားစေဖို့အတွက် ဒဏ်ရာအလုံးပျောက်ကင်းသက်သာလာတဲ့ အထိ မန်ယူအသင်းဘက်က ဆေးကု သဖို့ အလုံးစုံတာဝန်ယူမယ်လို့ သိရပါတယ်။ အီဘရာဟီမိုဗစ်ခ်ျဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် ၂၈ ဂိုးသွင်းယူပေးထားပြီးပြီဖြစ်ပါတယ်။
" ဇလေတန်ကို ကလပ်အသင်းဘက်က လိုအပ်တာတွေ အပြည့်အဝ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ စာချုပ်ကျော် သွားတယ်ဆိုရင်တောင် ဆက်ပြီးကူညီပေးဦးမယ်ဆိုတာမျိုးပါ" လို့ မန်ယူအသင်း အတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။
အီဘရာဟီမိုဗစ်ခ်ျဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ထပ်တိုးချင်နေပေမယ့် အသင်းက နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရ၊ မရကို ဆက်လက် စောင့်ကြည့် နေခဲ့တာ ဖြစ်ပါတယ်။
Source : Mirror
From : Duwun by KK
Originally published at - http://www.duwun.com.mm/sports/epl/-id6568850.html

No comments:
Post a Comment