Saturday, April 22, 2017
မန်ယူနှင့် အန်ဒါလက်ခ်ျ ပွဲကြည့် ပရိသတ်များပေါ် လျှပ်စစ်ဓါတ်အားလိုင်း ပြုတ်ကျ၊ ၇ ဦးသေဆုံး
နိုင်ဂျီးရီးယား နိုင်ငံက ကမ်းရိုးတန်းမြို့ ကာလာဘာမှာ ဘောလုံးပွဲ ဝါသနာ အိုးတွေ ပွဲကြည့် နေတုန်း သူတို့အပေါ် ဗို့အားမြင့် လျှပ်စစ် ဓာတ်အားလိုင်း ပြုတ်ကျ ခဲ့လို့ လူအနည်းဆုံး ၇ ယောက် သေဆုံး တယ်လို့ ရဲတွေက ပြောပါတယ်။
ဧပြီ ၂၀ ရက်နေ့ နှောင်းပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဒတ်ခ်ျဘောလုံးအသင်း အန်ဒါ လက်ခ်ျတို့ ယှဉ်ပြိုင်တဲ့ပွဲစဉ်ကို ကြည့်နေချိန်မှာ ခုလို ဖြစ်တာပါ။
လူ ၁၁ ယောက်လဲ ဒဏ်ရာရပြီး ၁ ယောက်က အခြေအနေ ပြင်းထန်တယ်လို့ ရဲအရာရှိက ပြောပါတယ်။
ထရန်စဖော်မာကနေ အလင်းရောင်တခု ထွက်လာအပြီး လူတွေ အပြင်ကို ပြေးထွက်ခဲ့တာလို့ မျက်မြင်သက်သေ တယောက်က နိုင်ဂျီးရီးယား ရုပ်သံကို ပြောပါတယ်။
ထရန်စဖော်မာ ပေါက်ကွဲခဲ့ပြီး ဓာတ်ကြိုးက အဆောက်အဦရဲ့ အမိုးပေါ်ကို ပြုတ်ကျ ခဲ့တာပါ။
ယူရိုပါလိဂ် ဘောလုံးပွဲ ကွာတားဖိုင်နယ် ပွဲစဉ်ကို ကြေညာနေချိန်မှာ ခုလိုဖြစ်တာလို့ အနားက ဖြတ်လျှောက်ခဲ့တဲ့ ဒေသခံ တယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
သမ္မတ မူဟမ်မာဒူ ဘူဟာရီနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့က ဒီဖြစ်ရပ်အတွက် စာနာ ဝမ်းနည်းကြောင်း သူတို့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ကြပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/202447
Labels:
ဘောလုံးဆိုင်ရာ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment