
မန်ယူ တိုက်စစ်မှူး အီဗရာအီ မိုဗစ်နဲ့ နောက်တန်း သမား ရိုဂျိုတို့ရဲ့ ဒဏ်ရာတွေ အတွက် ရထားလို့ နည်းပြ မော်ရင်ဟိုက စိုးရိမ် နေပါတယ်။
နှစ်ယောက် စလုံးဟာ အန်ဒါလက် အသင်းကို အနိုင်ရတဲ့ ယူရိုပါလိဂ် ကွာတား ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ ဒူးဒဏ်ရာတွေ အသီးသီး ရသွား ကြတာပါ။
အသက် ၃၅ နှစ် အရွယ် တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ဟာ ဘောလုံး ယှဉ်လုရင်း ကနေ ဒူးဒဏ်ရာ ခဲ့တာပါ။ အသက် ၂၇ နှစ် အရွယ် အာဂျင်တီးနား နောက်တန်း သမား ရိုဂျိုကတော့ တဖက် ကစားသမား တိုက်မိရင်း ဒဏ်ရာ ရခဲ့တာပါ။
နည်းပြ မော်ရင်ဟိုကတော့ သူတို့ရဲ့ ဒဏ်ရာတွေနဲ့ ပတ်သက်လို့ အကောင်းမြင်ခြင်ပေမယ့် မြင်လို့ မရဘူး ဖြစ်နေတယ်လို့ ပြောပါတယ်။
တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ဒီနှစ်ရာသီမှာ မန်ယူအတွက် ခြေစွမ်းပြပြီး ၂၈ ဂိုး သွင်းယူထားပါတယ်။ မန်ယူ နောက်တန်းမှာ ခရစ် စမောလင်းနဲ့ ဖေးဂျုန်းတို့လည်း ဒဏ်ရာအသီးသီး ရထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/202444
No comments:
Post a Comment