
ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်တွေ ထွက်ပေါ် လာရာမှာ အင်္ဂလန် နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် အသင်းက စပိန် လာလီဂါ ကလပ် ဆဲတာ ဗီဂို အသင်းနဲ့ ရင်ဆိုင် ရမှာပါ။
ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ အသင်းဟာ ချန်ပီယံလိဂ်မှာ ၃ ကြိမ် ချန်ပီယံ ဖြစ်ဖူးထားပေမယ့် ယူရိုပါလိဂ်မှာ ဗိုလ်စွဲထားဖူးခြင်း မရှိသေးပါဘူး။
နယ်သာလန်ကလပ် အေဂျက်အသင်းကတော့ ပြင်သစ်ကလပ် လိုင်ယွန်နဲ့ ဆုံရမှာပါ။ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထအကျော့ပွဲစဉ်တွေကို မေလ ၄ ရက်၊ ဒုတိယအကျော့ပွဲစဉ်တွေကို မေလ ၁၁ ရက်၊ ဗိုလ်လုပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုန်းမှာ မေလ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာတော့ လက်ရှိ ချန်ပီယံ ရီရဲလ်မက်ဒရစ်က မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်၊ ပြင်သစ်ကလပ် မိုနာကိုက အီတလီကလပ် ဂျုဗင်တပ်နဲ့ ကန်ရမှာ ဖြစ်ပါတယ်။
ပထမအကျော့ကို မေလ ၂ ရက်နဲ့ မေလ ၃ ရက်နေ့တွေမှာ ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဗိုလ်လုပွဲကို ဇွန်လ ၃ ရက်နေ့ အင်္ဂလန်ရဲ့ ကာဒစ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/202441
No comments:
Post a Comment