
ပြင်သစ် နိုင်ငံ မိုနာကိုမှာ ယှဉ်ပြိုင် နေတဲ့ မွန်တီ ကာလို မာစတာစ် တင်းနစ် ပြိုင်ပွဲ အမျိုးသား တယောက်ချင်း ဒုတိယ အဆင့်မှာ နိုဗက် ဂျိုကိုဗစ်က ဂါးလက်စ် ဆီမွန်ကို အနိုင်ရ သွားပါတယ်။
ကမ္ဘာ့ အဆင့် ၂ ဖြစ်တဲ့ ဆားဘီးယား နိုင်ငံသား ဂျိုကိုဗစ်ဟာ ခက်ခက် ခဲခဲနဲ့ ၃ ပွဲအပြည့် ယှဉ်ပြိုင် ပြီးမှ အဆင့် ၃၂ ဖြစ်တဲ့ အိမ်ရှင် ပြင်သစ် နိုင်ငံသား ဆီမွန်ကို အနိုင်ရ သွားတာပါ။
တံတောင်ဆစ် ဒဏ်ရာကနေ သက်သာ လာတဲ့ ဂျိုကိုဗစ် အတွက်တော့ ဒီနှစ်ထဲမှာ ပထမဆုံး အကြိမ် အဖြစ် မြေစေး ကွင်းမှာ ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
ပထမပွဲကို ဂျိုကိုဗစ်က ၆ – ၃ နဲ့ အနိုင်ရပေမယ့် ဒုတိယပွဲမှာ ဆီမွန်က ၆ – ၃ နဲ့ ပြန်လည် အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ဆီမွန်အနေနဲ့ အပြန်အလှန် ရိုက်ချက်တွေမှာ မယှဉ်နိုင်လို့ ဂျိုကိုဗစ်ကပဲ တတိယပွဲမှာ ၇ – ၅ နဲ့ အနိုင်ယူပြီး မွန်တီကာလို မာစတာပြိုင်ပွဲ တတိယအဆင့်ကို တက်ရောက်သွားပါတယ်။
အသက် ၂၉ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံ ၂ ကြိမ် ဖြစ်ဖူးထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/202075





No comments:
Post a Comment