
စတုတ် စီးတီး အသင်းက နောက်တန်း ကစားသမား ဂလန်း ဂျွန်ဆင်ကို တနှစ် စာချုပ် သက်တမ်း ထပ်တိုး လိုက်ပါတယ်။
စာချုပ် သစ်ကြောင့် အသက် ၃၂ နှစ် အရွယ် ဂျွန်ဆင်ဟာ ၂၀၁၈ ဘောလုံးရာသီ အကုန်အထိ စတုတ် အသင်းမှာ ရှိနေမှာပါ။
ဂျွန်ဆင်ဟာ ၂၀၁၅ မှာ လီဗာပူးအသင်းကနေ စတုတ်ကို ပြောင်းရွှေ့လာတာဖြစ်ပြီး ပွဲပေါင်း ၅၀ ကစားပေးထားပါတယ်။
အင်္ဂလန် ညာနောက်ခံလူ ဂျွန်ဆင်က စတုတ်အသင်းမှာ ကစားနေရတဲ့ အချိန်တွေက တကယ်ကို ပျော်ရွှင်စရာ ကောင်းပါတယ်လို့ ဆိုပါတယ်။
နည်းပြ မာ့ခ်ဟုခ်ျကလည်း ဂျွန်ဆင်လို ကစားသမားမျိုးကို ထွက်ခွာခွင့်ပြုရင် မိုက်မဲရာကျလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
သူဟာ အင်္ဂလန် ကစားသမားဟောင်း တယောက်ဖြစ်ပြီး လက်ရွေးစင်အသင်းတွက် ပွဲပေါင်း ၅၄ ပွဲ ကစားပေးထားပါတယ်။
ဓာတ်ပုံ - Getty Images
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/202075





No comments:
Post a Comment